HP သည် ယခုနှစ်ကုန်ပိုင်းတွင် စမတ်နာရီတစ်မျိုးကို ထုတ်လုပ်
မိတ်ဆက်ရန်အတွက် အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက် Gilt.com နှင့်လည်း
ပူးပေါင်းထားသည်။ Gilt သည် ဒီဇိုင်းပိုင်းအတွက် Bastian ကို
အဖွဲ့အတွင်းသို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး HP ကမူ စမတ်နာရီသစ်အတွက်
နည်းပညာကို တည်ဆောက်သွားမည်ဟု Fashionista ကဖော်ပြခဲ့သည်။
လက်ရှိတွင် စမတ်နာရီ၏ အစိတ်အပိုင်းများနှင့် software တို့နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် မထွက်ပေါ်သေးသော်လည်း Fashionista ၏ အဆိုအရ အဆိုပါ စမတ်နာရီတွင် Android Wear အခြေခံ Moto 360 ကဲ့သို့ လုံးဝန်းသည့် display ပါဝင်ပြီး Apple ၏ iOS နှင့် Google ၏ Android operating system အသုံးပြုထားသော ထုတ်ကုန်များဖြင့် sync ပြုလုပ်နိုင်မည်ဟု သိရသည်။ ထို့အပြင် ၎င်းစမတ်နာရီတွင် notication များကို ဖော်ပြပေးနိုင်သလို သီချင်းများကို နားဆင်ရာတွင်လည်း ထိန်းချုပ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။
၎င်းသည် နည်းပညာ ကုမ္ပဏီများက ဒီဇိုင်းပြုလုပ်ထားသော ဈေးကွက်အတွင်းရှိ အခြားသော စမတ်နာရီများနှင့် မတူညီကြောင်းနှင့် ၎င်းသည် တကယ့်နာရီတစ်လုံးနှင့် အလွန်တူညီကြောင်း သိရသည်။
အဆိုပါ စမတ်နာရီသစ်ကို HP နှင့် Gilt က ယခုနှစ်ကုန်ပိုင်းတွင် စတင် ရောင်းချရန် စီစဉ်ထားသည်။ သို့သော် ရောင်းချမည့် တန်ဖိုးကို ကြေညာထားခြင်း မရှိသေးပေ။
Ref: CNET

0 comments:
Post a Comment