Samsung မှ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်တဲ့ Note 4
ဖြစ်ပါတယ်။ ကင်မရာ 16 MP, ရှေ့ ကင်မရာ 3 MP ပါဝင်ပါတယ်။ ဘေးအနား
ဒီဇိုင်းပြောင်းလဲ ထားပြီး အရောင်အားဖြင့် ရွှေရောင်ကိုပါ တွေ့မြင်လာရမှာပါ။
Internal storage 16, 32, 64 GB အသီးသီး
ထုတ်လုပ် ပါဝင်ပြီး SD card ထည့်နိုင်ပါတယ်။ 4G, LTE စမတ်ဖုန်း ဖြစ်ပါတယ်။
3G version လည်း ထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်ထဲက တင်ဆက်ပုံ UX, UI
ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ Smart Pen ရဲ့ လုပ်ဆောင်ချက်လည်း
တိုးလာပြီး ကွန်ပြူတာ Mouse တစ်ခုအနေနဲ့ အသုံးပြုလို့ရကြောင်း ပွဲမှာ
ပြောကြားသွားပါတယ်။5.7in Quad HD Super AMOLED မျက်နှာပြင်ကို
အသုံးပြုထား ပါတယ်။ Dropbox နဲ့ ပါတနာ ဖြစ်တာကြောင့် Online Storage အတွက်
GB များစွာ ထောက်ပံ့ပေးထား ပါသေးတယ်။ CPU အားဖြင့် Quad-core 2.7 GHz
Krait 450 (SM-N910S), Quad-core 1.3 GHz Cortex-A53 နဲ့1.9GHz quad-core
Cortex-A57 (SM-N910C) သုံးမျိုး ရှိပါတယ်။ အောက်တိုဘာလမှာ ထွက်ရှိမှာ
ဖြစ်ပါတယ်။ Android 4.4.3 Kit Kat OS ကို အသုံးပြုထားပါတယ်။
သတ္တုဖရိန်ကို အသုံးပြုထားပြီး 176g အလေးချိန်ရှိပါတယ်။ 8.5mm ပဲထူတာမို့
Samsung ရဲ့ အပါးဆုံး ဖုန်းပါပဲ။ အသေးစိတ် Specification ကို http://cdn.itproportal.com/photos/Capture_57_original.JPG
ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ Samsung Galaxy Note 4 ထွက်ရှိမ့်
အချိန်ကတော့ လာမယ့် အောက်တိုဘာလ အတွင်း ဖြစ်တာမို့ သိပ်မကြာတော့ ပါဘူး။
မြန်မာပြည် ဈေးကွက်သို့လည်း သိပ်မကြာပဲ ရောက်ရှိလာမှာပါ။ ဈေးနှုန်းကတော့
မသိရသေးပါဘူး။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
Thursday, September 4, 2014
Subscribe to:
Post Comments (Atom)
EMAIL ကနေတင်သမျှ ဖတ်မယ်
Menu :
Popular Posts
Post အသစ်တင်တိုင်းဖတ်ချင်တယ်ဆိုရင် Like နှိပ်ခဲ့ပေးပါနော်။

0 comments:
Post a Comment