တယ်လီနောဆင်းမ်ကတ်များတွင် အသုံးပြုနိုင်မည့် ခန့်မှန်းခြေဒေတာပမာဏ
နှင့်အင်တာနက်အသုံးပြုနိုင်
မှုများကိုစက်တင်ဘာ၅ရက်ကထုတ်ပြန်ကြေညာလိုက်သော်လည်းကောက်ခံမည့်ဒေတာနှုန်းထားများကို
မထုတ်ပြန်သေးသော ကြောင့်သုံးစွဲသူများက
အူရီဒူးကလက်ရှိသတ်မှတ်ထားသည့်ဒေတာနှုန်းထားထက် သက်သာသည့်ဈေးနှုန်းမျိုး
ဖြစ်စေလိုကြောင်း တယ်လီနောဆင်းမ်ကတ် ကိုအသုံးပြုလိုသူများက စက်တင် ဘာ ၅
ရက်၌ ပြောဆိုကြသည်။
ယင်းအတိုင်းအတာကို အင်တာနက်ဒေတာစနစ်ကောက်ခံ မှုနှုန်းထားကိုမထုတ် ပြန်မီ
အင်တာနက်ဒေတာ စနစ်ကိုသုံးစွဲမည့် ပြည်သူများအနေဖြင့်နှိုင်းယှဉ်
လေ့လာဆန်းစစ်နိုင်ရန် ချပြထုတ်ပြန်ပေး လိုက်ခြင်း ဖြစ်ကြောင်းတယ်လီနောမှ
သိရသည်။ တယ်လီနောထုတ်ပြန်ထားသည့်ခန့်မှန်းခြေပမာဏများ အရ တယ်လီနောအင်
တာနက်ဒေတာစနစ်100 MB လျှင်ဝက်ဘ်ဆိုက်စာမျက်နှာ ၃၀၀ ခန့်ကိုဝင် ရောက်
ကြည့်ရှုနိုင်ခြင်း(သို့) သီချင်း ၁၀ ပုဒ်(သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀
ခု ကြည့်ရှုနိုင်ခြင်း၊အပလီကေးရှင်း ၃၂
ခုဒေါင်းလုတ်ဒ်ချနိုင်ခြင်းတို့ကိုဆောင်ရွက် နိုင်မည်ဖြစ်ပြီး 500 MB လျှင်
ဝက်ဘ်ဆိုက်စာမျက်နှာ ၁၅၀၀ ခန့်ကို ၀င်ရောက် ကြည့်ရှုနိုင်ခြင်း(သို့)
သီချင်းအပုဒ် ၅၀ (သို့) လေးမိနစ်စာဗီဒီယိုဖိုင် ၅၀ ကြည့်ရှု နိုင်ခြင်း၊
အပလီကေးရှင်း ၁၅၀ ဒေါင်းလုတ်ဒ်ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်အသုံးပြုမှု 1GBလျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၃၀၀၀ ခန့်ကိုဝင်
ရောက်ကြည့်ရှုနိုင်ခြင်း (သို့) သီချင်းအပုဒ် ၁၀၀ (သို့) လေးမိနစ်စာ
ဗီဒီယိုဖိုင် ၁၀၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း၃၂၀ ကို ဒေါင်း
လုတ်ဒ်ချနိုင်မည်ဖြစ် ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။
"တယ်လီနောနဲ့ ပတ်သက်ပြီးတော့ ဆင်းမ်ကတ်ဖြန့်ဝေမယ့် စက်တင်ဘာလအ
တွင်းကိုရောက်ရှိလာပါပြီ။ တယ်လီနော သုံးစွဲဖို့စောင့်မျှော်နေသူတွေအတွက်
သက်သာတဲ့ ခေါ်ဆိုခနဲ့သက်သာတဲ့ အင်တာနက်ဈေးနှုန်းတွေကို မကြာမီရက်ပိုင်းအ
တွင်းမှာပဲ အံ့သြ၀မ်းသာစရာ အသိပေးသွားတော့မှာပါ" ဟုတယ်လီနောမှတာဝန်
ရှိသူတစ်ဦးကပြောသည်။
တယ်လီနောဆင်းမ်ကတ်များကိုယခု စက်တင်ဘာ ၁၅ ရက်တွင်စတင်ဖြန့်ချိ
သွားမည်ဖြစ်ကာ ဖုန်းခေါ် ဆိုခမှာတယ်လီနောကွန်ရက်အချင်း ချင်းဖြစ်ပါက ၁၅
ကျပ်သာ ကျသင့်မည်ဖြစ်ပြီးအူရီဒူးနှင့် MPT ကဲ့သို့ အခြားကွန်
ရက်များကိုခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်ပုံ
တင်တစ်ခုလျှင် တယ်လီနောဆင်းမ်ကတ် ငါးကတ်ခန့် ရောင်းချပေးသွားမည်ဖြစ်
ကြောင်း၊၀န်ဆောင်မှုစတင်ချိန် တစ်လ အခမဲ့အသုံးပြုခွင့်
ပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက အရောင်းဆိုင်များထံ မိတ်ဆက် စဉ်
ပြောကြားခဲ့ကြောင်း အရောင်းကိုယ်စားလှယ်အချို့ထံမှသိရသည်။ ယင်းနှင့်ပတ်သက်၍
တယ် လီနော မြန်မာထံအတည်ပြုချက် ရယူခဲ့သော်လည်း ရက်ပိုင်းအတွင်း အတိအ
ကျကြေညာ ပေးသွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
"ကျွန်တော်ကတော့ ဖုန်းခေါ်ဆိုခဈေးသက်သက်သာသာ နဲ့ဖြစ်ရုံမကအင်တာနက်
အသုံးပြုမှုက လည်း ဒေတာနဲ့ကောက်မယ်ဆိုရင် အားလုံးအဆင်ပြေပြေ အသုံးပြု
နိုင်မယ့်အနေအထားတစ်ခုဖြစ်စေ ချင်တယ် ဒီခေတ်ကလူမှုကွန်ရက်ဝက်ဘ်ဆိုက်
တွေကလည်း အရေးပါလာပြီးလိုအပ်တဲ အပလီကေး ရှင်းတွေ သီချင်းတွေက
လည်းအင်တာနက်လိုင်းကောင်းကောင်းနဲ့ဒေါင်းလုတ်ဒ်ချနိုင်မယ့်အနေအထား
တစ်ခုကိုမျှော်လင့်ခဲ့တာကြာပြီ။ အူရီဒူးကတော့ အင်တာနက်ကောက်ခံနှုန်းက
မြင့်တော့ သုံးတာတောင် ရင်တမမဖြစ်နေရတယ်။ ဒါကြောင့် တယ်လီနောကို
တော့ဒီလိုမဖြစ်စေဖို့နဲ့ 1MB ကိုအများ ဆုံး နှစ် ကျပ်လောက်ထိတော့ထားပေးဖို့
မျှော်လင့်ထားတယ်။ ဒါဆိုရင် အားလုံးအဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါ
တယ်။ တယ်လီနောအနေနဲ့လည်း သုံးစွဲသူတွေတတ်နိုင်တဲ့နှုန်းထားဖြစ်အောင်
လုပ်ပေးစေလိုပါတယ်" ဟုလှည်းတန်းနေအသက် (၂၉)နှစ်အရွယ်ကိုသက်အောင် က
ပြောဆိုခဲ့သည်။ တယ်လီနောမြန်မာသည် ယခုလတွင်း ဖြန့်ဝေမည့်
ဆင်းမ်ကတ်များကို 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည့်
အတွက် အောက်ခြေလူတန်း စားများ အသုံးပြုနိုင်သည့်ဖုန်းဟန်းဆက်များ၌်လည်း
ထည့်သွင်း အသုံးပြုနိုင်စေ မည်ဖြစ်ကြောင်း အာမခံထားသည်။
စံတော်ချိန်
Wednesday, September 10, 2014
Subscribe to:
Post Comments (Atom)
EMAIL ကနေတင်သမျှ ဖတ်မယ်
Menu :
Popular Posts
Post အသစ်တင်တိုင်းဖတ်ချင်တယ်ဆိုရင် Like နှိပ်ခဲ့ပေးပါနော်။
0 comments:
Post a Comment