Related Posts Plugin for WordPress, Blogger...

Thursday, August 14, 2014

SMW-3 ရေအောက် ကေဘလ်ကြိုးပြတ်၍ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆက်သွယ်သော အင်တာနက်၊ ဖုန်းဆက်ကြောင်းများ ပြတ်တောက်မှုဖြစ်ပေ


သြဂုတ်လ ၁၃ ရက်မှစ၍ မြန်မာနိုင်ငံမှ စင်ကာပူ (Tuas) သို့ ဆက်သွယ်သော အင်တာနက်ဆက်ကြောင်း၊ တယ်လီဖုန်း ဆက်ကြောင်းလိုင်းများ ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။


ပြည်တွင်းမှ ပြည်ပဆက်ကြောင်းများ အဓိက ချိတ်ဆက်သုံးစွဲသော SMW-3 ရေအောက်ကေဘယ် ဆက်ကြောင်းသည် မြန်မာနိုင်ငံမှ ဝင်ရောက်ချိတ်ဆက်ထားသော Brunching Unit မှ စင်ကာပူ (Tuas) သို့ သွားသော ဆက်ကြောင်းပိုင်း Brunching Unit (41) ,Segment (4.1) တွင် ရေအောက်ကေဘလ် ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည်။ အဆိုပါ ချို့ယွင်းမှုကို ပြုပြင်မှုများ စတင်ဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်ပြီးစီးမှုကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် မည်ဖြစ်ကြောင်းဆိုသည်။
Internet Journal

0 comments:

Post a Comment