ကွေးညွှတ်ထားသည့် ၂ လက်မအရွယ် Super AMOLED display ပါဝင်သော Gear S ဟုခေါ်သည့် စမတ်နာရီသစ်ကို Samsung မှ မိတ်ဆက်ပေးခဲ့သည်။
Samsung ၏ ကိုယ်ပိုင် software ဖြစ်သော Tizen ကို အသုံးပြုထားပြီး 3G
ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ Gear S စမတ်နာရီတွင် Samsung ကိုယ်ပိုင်
S Health app နှင့်အတူ Nike+ Running software ပါဝင်သည်။ ထို့အပြင် Gear S
သည် ဖုန်ဒဏ်နှင့် ရေစိုဒဏ်ခံနိုင်သည့် IP67 ထောက်ခံချက် ရရှိထားသည်။
၎င်းစမတ်နာရီတွင် accelerometer, barometer, gyroscope, compass အပြင်
နှလုံးခုန်နှုန်း၊ ခရမ်းလွန်ရောင်ခြည်နှင့် ပတ်ဝန်းကျင် အလင်းရောင် ကို
ခြေရာခံနိုင်မည့် sensor များ ပါဝင်သည်။ အရွယ်သေးငယ်သည့် 3000mAh ဘက်ထရီက
တစ်ကြိမ်အားသွင်း လျှင် နှစ်ရက်ခန့် အသုံးပြုနိုင်သည်။
Samsung Gear S ကို အောက်တိုဘာလတွင် ရောင်းချမည်ဖြစ်သော်လည်း ရောင်းချမည့် တန်ဖိုးကို ကုမ္ပဏီမှ ကြေညာ ခဲ့ခြင်း မရှိပေ။
Ref: TheVerge

0 comments:
Post a Comment