Related Posts Plugin for WordPress, Blogger...

Tuesday, July 22, 2014

ကမ္ဘာ့ ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy

 





Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။
သူမမှာ ချစ်သူ မရှိသေး ပါဘူး။ ယခင်က Rugby ဘောလုံး အားကစား သမား Danny Care နဲ့ ချစ်သူ ဖြစ်ခဲ့ဖူး ပေမယ့် နားလည်မှု မရှိလို့ လမ်းခွဲ ခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မှာ နေထိုင်တဲ့ နာမည်ကျော် မော်ဒယ်မလေး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသားများအတွက် သီးသန့် ထုတ် မဂ္ဂဇင်း တွေမှာ ပါဝင်တဲ့ မော်ဒယ်ပါ။ သူမဟာ Single ဖြစ်ကြောင်း၊ ချစ်သူ မရှိကြောင်း လို့ ပြော ရင်တောင် ယုံတဲ့သူ နည်းပါတယ်။ သိုပေမယ့် ဒါဟာ အမှန် ဖြစ်ကြောင်း သူမက ဆိုပါတယ်။ ဒါကြောင့်မို့ သူကိုယ်တိုင်လည်း ချစ်သူ ရှာဖို့ အတွက် သူမ လိုပဲ ချစ်သူ မရှိသေးတဲ့ သူတွေ ရှာဖို့ အတွက် ဆိုပြီးတော့ Dating ဝဘ်ဆိုဒ် တစ်ခု ကို ထောင်ဖို့ စိတ်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ သူငယ်ချင်း တစ်ဦးနဲ့ BirminghamLove.co.uk အမည်ရ ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့ ပါတယ်။  လောလောဆယ် ကတော့ ဘာမင်ဂန်က အပျို၊ လူပျို များအတွက်သာ ဝန်ဆောင်မှု ပေးသေး သတဲ့။ နောက်ဆိုရင် ဗြိတိန် တစ်နိုင်ငံ လုံး ကနေ ကမ္ဘာအထိ ချဲ့ထွင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့ Lucy ကို ညို့အားအပြင်းဆုံး Entrepreneur အဖြစ် ပြောစမှတ်ပြုလာခြင်း ဖြစ်ပါတယ်။ သူမရဲ့ဓာတ်ပုံများကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
Lucy Photo  

 အောင်ခမ်း (ရိုးရာလေး)



0 comments:

Post a Comment